ကျွန်ုပ်တို့ အကြောင်း

ဈေးကွက်အတွင်းရှိ ဘရိတ်ဒါး ဆူးကြိုးများနှင့် ထင်ရောင်ထင်မှား မဖြစ်စေရန် မိမိကိုယ်ပိုင် အာဆီယံ အမှတ်အသား တံဆိပ်ဖြင့် ရောင်းချလျက်ရှိပြီး မိမိ၏ မိတ်ဟောင်းမိတ်သစ်များအား အထူး သတိပြု မှာယူ တပ်ဆင်နိုင်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ဈေးနှုန်းမမှားစေရန် အတွက်လည်း ဈေးနှုန်းများ သတ်မှတ်ပြီး ဖြစ်ပါ၍ အချိန်မရွေး ဆက်သွယ် စုံစမ်းနိုင် ပါသည်။

စော်ဘွားကြီးကုန်းရှိ အာဆီယံဘရိတ်ဒါး အရောင်းပြခန်းအား ရန်ကုန်လမ်းညွှန် A တွင် စာမျက်နှာ ၁၇ ၊ B စာမျက်နှာ ၁၁ တွင် ကြေညာများ ထည့်သွင်းရာမှာ ၁၅နှစ်တိုင်တိုင် ရောက်ရှိနေပါ၍ ကျေးဇူးရှင် မိတ်ဟောင်း ဝယ်ယူ တပ်ဆင်သူများအား မှန်မှန်ကန်ကန် တိတိကျကျ စေတနာ အပြည့်ထားရှိသည်မှာ ၁၅နှစ်သက်တမ်း အတွင်း မိမိကုန်ပစ္စည်း၏ အရည်အသွေးများနှင့် ဝန်ဆောင်မှု အကောင်းဆုံး ရရှိ၍ ယနေ့တိုင် လက်တွဲလျက် လုပ်ကိုင်နေသည်မှာ တပ်ဆင်ဖူးသူ မိတ်ဆွေများ အားလုံး အသိပင် ဖြစ်ပါသောကြောင့် လေးစားစွာဖြင့် ကျေးဇူးရှင် မိတ်ဟောင်း customerများအား ကျေးဇူး အထူးတင် ရှိလျက် ယနေ့တိုင် ရပ်တည်လျက် ရှိပါသည်။

တပ်ဆင်ပြီးသော ဘလိပ်ဒါး ဆူးကြိုးများ ပြုတ်ထွက်ခြင်း၊ သံချေးတတ်ခြင်း ၊ အပို ၀န်ဆောင်ခ တောင်းခံခြင်း လုံးဝမရှိပါ။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ တစ်စုံတစ်ရာ တွေ့ရှိပါက MD ဖုန်းနံပါတ် ၀၉ ၅၁၆၈ ၃၃၃ သို့ အချိန်မရွေး တိုက်ရိုက် အကူအညီ တောင်းခံနိုင်ပါကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည်။